Pages

Pages

ခရိုင်အဆင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ သထုံမြို့နယ်၌ ကျင်းပ







MNP ၊    ဇွန်   ၂၆

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲ ခရိုင်အဆင့်ကို ယနေ့ နံနက်က သထုံခရိုင်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကြင်ထွန်းက ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် သထုံခရိုင်အတွင်း Table-Top Exercise ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလင်းက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားလာပါက တုံ့ပြန်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များကို စနစ်တကျဖြင့် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဦးဆောင်ဆွေးနွေးသည်။


ယင်းနောက် သထုံခရိုင်ရဲတပ်ဖွဲ့ မှ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်၊ သထုံခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များနှင့် ဖြစ်ပွားလာပါက ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြရာ ခရိုင်မီးသတ်ဦးစီးဌာနမှူးက ကဏ္ဍအလိုက် ပြန်လည်သုံးသပ်၍ ဖြည့်စွက်ဆွေးနွေးခဲ့သည်။


အဆိုပါဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ပို့ဆောင်‌ရေးနှင့်စီမံကိန်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့နှင့် သထုံမြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များတက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost















No comments:

Post a Comment