နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည် ထောက်ပံ့ငွေဖြင့် သွင်းအားစု ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည် ထောက်ပံ့ငွေဖြင့် သွင်းအားစု ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက်





MNP ၊    ဇွန်   ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ငွေဖြင့် သွင်းအားစုထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးဝန်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင်   နိုင်ငံ့စီးပွားတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုး မွေးမြူရေးကို အခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး ရောင်းလိုအားနှင့် ဝယ်လိုအားတွေ မြင့်တက်လာမှာ ဖြစ်ကြောင်း၊ ဒေသတွင်းမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ထုတ်ကုန်များ ကို ပိုမိုဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ရန်အတွက် သွင်းအားစုများ လိုအပ်ပါကြောင်း၊ မွေးမြူသူများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို အသုံးပြုပြီး အမှန်တကယ် တိုးတက်မွေးမြူသွားရန် လိုအပ်ပါကြောင်း၊ သွင်းအားစုထောက်ပံ့သူတွေအနေဖြင့် လည်း မှန်ကန်သည့် မျိုးတိရစ္ဆာန်နှင့် တိရစ္ဆာန်အစာတွေကို မွေးမြူသူများ၏ လက်ဝယ်ကို ပေးအပ်နိုင်ရန် အလွန်အရေးကြီးပါကြောင်း၊ မွေးမြူရေးကဏ္ဍကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး နိုင်ငံ့စီးပွားရေးကို မြှင့်တင်ရာလည်း ရောက်မှာဖြစ်ပါကြောင်း၊ ယနေ့တွင် နေပြည်တော်အတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအား ငွေကျပ် ၂၅၈၀ သန်း တန်ဖိုးရှိ မျိုးတိရစ္ဆာန်၊ တိရစ္ဆာန်အစာနှင့် တိရစ္ဆာန်ဆေးဝါးများ စသည့်သွင်းအားစုများကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မွေးမြူရေးဆိုင်ရာ မျိုးတိရစ္ဆာန်နှင့် တိရစ္ဆာန်အစာများကို အကျိုးရှိရှိ ဆောင်ရွက်သွားရင်း နိုင်ငံ့စီးပွားကို မြှင့်တင်သွားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက မွေးမြူရေး လုပ်ငန်းရှင်များအား သွင်းအားစု မျိုးတိရစ္ဆာန်နှင့် တိရစ္ဆာန်အစာများကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်‌ရောက်လာကြသည့် မွေးမြူရေး လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး မွေးမြူရေးလုပ်ငန်းရှင် ဦးလွင်နိုင်ဦးက အစာစက်ရုံ တည်ဆောက်ရေးလုပ်ငန်းနှင့် ဝက်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြမှုအား ကြည့်ရှုအားပေးသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ကျီးအင်းအုပ်စု၊ ကျီးဖြူရိုးကျေးရွာရှိ ရွှေကံကောင်း မွေးမြူရေးလုပ်ငန်းစုတွင် အသားတိုးဝက်မွေးမြူရေးခြံနှင့် အသားစားကြက်မွေးမြူရေးခြံများသို့ သွားရောက်၍ အသားတိုးဝက်များနှင့် အသားစားကြက်များမွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးပြီး မွေးမြူရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)