မော်လမြိုင်ကျွန်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသောက်ကုန်အမယ်(၄)မျိုးကိုသက်သာသောနှုန်းဖြင့် ဒုတိယအကြိမ် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသောက်ကုန်အမယ်(၄)မျိုးကိုသက်သာသောနှုန်းဖြင့် ဒုတိယအကြိမ် ရောင်းချပေး







MNP ၊    ဇွန်   ၂၇

   ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြိို့တွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင် ရာများနှင့်လုပ်ငန်းရှင်များပူးပေါင်း၍ အခြေခံစားသောက်ကုန်အမယ်(၄)မျိုးအား ယနေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့ရှိကြောင်း သိရသည်။


   ထိုသို့ စားသောက်ကုန်အမယ်လေးမျိုးရောင်းချပေးရာတွင် လူတစ်ဦးကိုဝက်သား ၂၅ကျပ်သားလျှင်၂၅၀၀ကျပ်၊ ဆန်တစ်ပြည်လျှင်၂၅၀၀ကျပ်၊ စားသုံးဆီတစ်ပိဿာလျှင် ၄၃၀၀ကျပ်၊ ကြက်ဥဆယ်လုံးလျှင်၂၃၀၀ကျပ် ၊ဘဲဥဆယ်လုံးလျှင်၂၄၀၀ကျပ်ဖြင့်ရောင်းချပေးခဲ့သည်။


   ယင်းသို့ ရောင်းချပေးခြင်းသည် ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများနှင့်လုပ်ငန်းရှင်များပူးပေါင်း၍ အခြေခံစားသောက်ကုန်များကိုအပတ်စဥ်အင်္ဂါနေ့တိုင်း ရောင်းချပေးသွားမှာဖြစ်ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်များအလိုက် အခြေခံစားသောက်ကုန်များကို ရွေ့လျားစနစ်ဖြင့် လိုက်လံရောင်းချပေးနိူင်ရေးအတွက် စီစဥ်ဆောက်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းဇော် ကရှင်းလင်းပြောကြားသည်။ 


ထွန်းထွန်းနိုင် 

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)