MNP ၊ ဇွန် ၂၄
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ပြည်သူဆေးရုံ ၌ အရေးပေါ်ဌာန၊ဓာတ်ခွဲခန်း၊ဓာတ်မှန်ခန်း၊ခွဲစိတ်ခန်းနှင့်မွေးဖွားခန်းများပါဝင်သောတိုးချဲ့(၂)ထပ်ဆောင်ပန္နက်တင်အခမ်းအနားကို ဇွန်(၂၄)ရက် နံနက်(၁၀)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ပန္နက်တင်အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ဆောက်လုပ်ရေးဝန်ကြီးဌာန ၊အဆောက်အဦ ဦးစီးဌာန ၊အဆောက်အဦ အထူးအဖွဲ့(၁၃) မွန်ပြည်နယ် မှဆောက်လုပ် ရေးတာဝန်ခံအင်ဂျင်နီယာများ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာခွန်မောင်အိုးနှင့်ဝန်ထမ်းများက တိုးချဲ့(၂)ထပ်ဆောင် ဆောက်လုပ်ရန် ပန္နက်တင် ခြင်းပြုလုပ်ပြီး အမွေးနံသာရည်များပက်ဖျန်းခဲ့ကြသည်။
အဆိုပါအဆောက်အဦးသည်ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄
ဘဏ္ဌာရေးနှစ်တွင် ဆောက်လုပ်ပေးမည့် အလျား(၁၁၇)ပေအနံ(၆၈)ပေရှိအရေးပေါ်ဌာန၊ဓာတ်ခွဲခန်း၊ဓာတ်မှန်ခန်း၊ခွဲစိတ်ခန်းနှင့်မွေးဖွားခန်းများပါဝင်သောသံကူကွန်ကရစ် တိုးချဲ့(၂)ထပ်ဆောင်ဖြစ်ကြောင်းသိရသည်။
ဝင်းမောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment