ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် အရေးပေါ်ဌာန၊ဓာတ်ခွဲခန်း၊ဓာတ်မှန်ခန်း၊ခွဲစိတ်ခန်းနှင့်မွေးဖွားခန်းများပါဝင်သောတိုးချဲ့(၂)ထပ်ဆောင်ပန္နက်တင်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် အရေးပေါ်ဌာန၊ဓာတ်ခွဲခန်း၊ဓာတ်မှန်ခန်း၊ခွဲစိတ်ခန်းနှင့်မွေးဖွားခန်းများပါဝင်သောတိုးချဲ့(၂)ထပ်ဆောင်ပန္နက်တင်အခမ်းအနားကျင်းပ





MNP ၊    ဇွန်   ၂၄

   မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ပြည်သူဆေးရုံ ၌ အရေးပေါ်ဌာန၊ဓာတ်ခွဲခန်း၊ဓာတ်မှန်ခန်း၊ခွဲစိတ်ခန်းနှင့်မွေးဖွားခန်းများပါဝင်သောတိုးချဲ့(၂)ထပ်ဆောင်ပန္နက်တင်အခမ်းအနားကို ဇွန်(၂၄)ရက် နံနက်(၁၀)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

 

   ပန္နက်တင်အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ဆောက်လုပ်ရေးဝန်ကြီးဌာန ၊အဆောက်အဦ  ဦးစီးဌာန ၊အဆောက်အဦ အထူးအဖွဲ့(၁၃) မွန်ပြည်နယ် မှဆောက်လုပ် ရေးတာဝန်ခံအင်ဂျင်နီယာများ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာခွန်မောင်အိုးနှင့်ဝန်ထမ်းများက တိုးချဲ့(၂)ထပ်ဆောင် ဆောက်လုပ်ရန် ပန္နက်တင် ခြင်းပြုလုပ်ပြီး အမွေးနံသာရည်များပက်ဖျန်းခဲ့ကြသည်။

  

     အဆိုပါအဆောက်အဦးသည်ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ 

ဘဏ္ဌာရေးနှစ်တွင် ဆောက်လုပ်ပေးမည့်  အလျား(၁၁၇)ပေအနံ(၆၈)ပေရှိအရေးပေါ်ဌာန၊ဓာတ်ခွဲခန်း၊ဓာတ်မှန်ခန်း၊ခွဲစိတ်ခန်းနှင့်မွေးဖွားခန်းများပါဝင်သောသံကူကွန်ကရစ် တိုးချဲ့(၂)ထပ်ဆောင်ဖြစ်ကြောင်းသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)