မော်လမြိုင်မြို့၊ က္ကစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော် မြတ်ကြီး ဝတ္တကမြေ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့၊ က္ကစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော် မြတ်ကြီး ဝတ္တကမြေ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲပြုလုပ်


MNP ၊ ဇွန် ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ က္ကစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး ဝတ္တကမြေ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ရာ နဂါးမောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနရိန္ဒ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် နဂါးမောက်ကျောင်းတိုက်ဆရာတော်အမှူးပြု ၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ပျိုးပင်များအား စုပေါင်း စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)