ပထမအကြိမ် ထားဝယ်အမျိုးသား စာပေနှင့် ယဉ်ကျေးမှု သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပထမအကြိမ် ထားဝယ်အမျိုးသား စာပေနှင့် ယဉ်ကျေးမှု သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနား ကျင်းပ

045

046

047

048

049

MNP ၊ ဇွန် ၄

ပထမအကြိမ် ထားဝယ်အမျိုးသား စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနားကို ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမတွင် ယနေ့ နံနက်ပိုင်းက ထားဝယ်စာပေနှင့် ယဉ်ကျေးမှု သုတေသနလုပ်ငန်းကော်မတီ မှ ဦးဆောင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

စာတမ်းဖတ်ပွဲအခမ်းအနားတွင် ထားဝယ်ဒေသသဘာဝရှုခင်းများနှင့် ယဉ်ကျေးမှုအကအလှများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပြီး ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ နှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်တို့မှ အဖွင့်အမှာစကား ပြောကြားပြီး ဖိတ်ကြားထားသော အထူးဧည့်သည်တော်များကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ စာတမ်းဖတ်ပွဲကို နှစ်ပိုင်းခွဲ၍ ကျင်းပရာ စာတမ်းရှင်များက စာတမ်းများ ဖတ်ကြားတင်ပြကာ မေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စာတမ်းများ တင်သွင်းဖတ်ကြားရာတွင် ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ က "ထားဝယ်တိုင်းရင်းသား (မိခင်ဘာသာ) အက္ခရာသင်ကြားရေး အဆင့်ဆင့် အဓိကသော့ချက်" စာတမ်းအားလည်းကောင်း၊ စာတမ်းရှင် ဦးတင့်လွင်က "ထားဝယ်တိုင်းရင်းသားရိုးရာဘာသာစကားနှင့် စာပေခရီး" စာတမ်းအားလည်းကောင်း၊ ဆရာတော် ဘဒ္ဒန္တဇနက ၏ "သာရဝတီ နာဂရ သမိုင်းသစ်" သုတေသနစာတမ်းအားလည်းကောင်း၊ စာတမ်းရှင် ဒေါက်တာ နန်းလှိုင်(ပါမောက္ခ၊ သမိုင်းဌာန) ၏ "ထားဝယ်ဆိုင်ရာ သမိုင်းအထောက်အထားများ"၊ စာတမ်းရှင် ဒေါက်တာ တယ်ရီတန် ရေးသားပြုစုသော "ပျောက်ဆုံးသွားသော မြန်မာရှေးဟောင်း တနုသီရိ(Tanu Sri) ယဉ်ကျေးမှုကို ဒြပ်ရှိ ရုပ်ဝတ္ထုယဉ်ကျေးမှုဖြင့် ပြန်လည်ဖော်ထုတ်ခြင်း စာတမ်းအားလည်းကောင်း၊ စာတမ်းရှင် ဒေါက်တာပြည့်ဖြိုးကျော် ၏ "ထားဝယ်ယဉ်ကျေးမှုနယ်မြေအတွက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အရင်းအမြစ်များ စီမံခန့်ခွဲခြင်းဆိုင်ရာ နမူနာပုံစံ" သုတေသနစာတမ်းတို့ကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ 

အခမ်းအနားတွင် စာတမ်းရှင်များ၏ ဖတ်ကြားတင်ပြမှုများအပေါ် စိတ်ပါဝင်စားသူများက ပါဝင်ဆွေးနွေးခဲ့ကြပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြသန္တာမှ နိဂုံးချုပ်အမှာစကားပြောကြားကာ စာတမ်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages