ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၅ ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၅ ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည်



MNP ၊    ဇွန်   ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၃၈ ဒသမ ၈၀ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၅ ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ထံက သိရသည်။


ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ  ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၂၄ ဒသမ ၁၀ သန်းဖြင့် လမ်းလုပ်ငန်း ၂၂ ခု ၊ ရန်ပုံငွေကျပ် ၁၅ ဒသမ ၅၀ သန်းဖြင့် တံတားလုပ်ငန်း ၅ ခု ၊ ရန်ပုံငွေကျပ် ၃၅ သန်းဖြင့် ရေစီးရေလာကောင်းမွန်ရေး အရှည်ပေ ၁၂၅၀ ပေ ရေမြောင်းလုပ်ငန်း ၂ ခု ၊ ရန်ပုံငွေ ၅၇ ဒသမ ၁၀ သန်းဖြင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်း ၂ ခု၊ ရန်ပုံငွေ  ၇ ဒသမ ၁၀ သန်းဖြင့် စက်ကိရိယာပစ္စည်းလုပ်ငန်း ၄ ခု၊ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၃၈ ဒသမ ၈၀ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၅ ခုကို  အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေနဲ့ မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရန်အတွက် နှစ်စဉ်နှစ်တိုင်းဌာန၏ ခွင့်ပြုရန်ပုံငွေအပေါ်မူတည်ပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာလဲ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေနဲ့ဒေသခံပြည်သူတွေ သွားလာရေးအဆင်ပြေစေရန်အတွက် လမ်း/တံတားလုပ်ငန်းတွေ၊ ရေစီးရေလာကောင်းမွန်စေဖို့ ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတွေ အပါအဝင် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကိုလဲ ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့အတွက် ကြိုတင်ဆောင်ရွက်လို့ရတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် က ပြောသည်။   


ရဲဝင်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)