မော်လမြိုင်တက္ကသိုလ် နှစ်(၇၀)ပြည့်အထိမ်း အမှတ် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်တက္ကသိုလ် နှစ်(၇၀)ပြည့်အထိမ်း အမှတ် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ



MNP ၊ မေ ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်တက္ကသိုလ် နှစ်(၇၀)ပြည့်အထိမ်း အမှတ် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ဘက်စုံ ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အဆင့် မြင့်ပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီး များ၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားဟောင်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင် တက္ကသိုလ်နှစ်(၇၀)ပြည့်အထိမ်းအမှတ်အတွက် ထောက်ပံ့ငွေများပေးအပ်ရာ အဆိုပါ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ယဉ်မျိုးသူ က လက်ခံရယူသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ တက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ဟောင်းများက တက္ကသိုလ်နှစ်(၇၀)ပြည့်နှင့်ပတ်သက်၍ အသီးသီးဆွေးနွေးကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)