ကမမောင်းမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြို စု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမမောင်းမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြို စု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ





MNP ၊    ဇွန်   ၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြိုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို  ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၇ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။


အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြိုစု‌ပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူး၊ မြို့သစ်တောဦးစီးမှူး၊ ခရိုင်/မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စု‌ပေါင်း၍ ကျွန်း၊ မဟော်ဂနီနှင့် မန်ဂျန်ရှား စုစုပေါင်းပျိုးပင်(၁၀၀)ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ်အဖြစ် စိုက်ပျိုးခဲ့ကြောင်းသိရသည်။


သန့်ဇင်


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)