မီတာခကောက်ခံမှုများ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီတာခကောက်ခံမှုများ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)



သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများခင်ဗျာ -

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ လျှပ်စစ်ရုံးရဲ့လုပ်ဆောင်ချက်များကို တင်ပြလိုပါတယ်။ တပ်ကုန်းမြို့နယ်၊ ရွှေမြို့အုပ်စုအတွင်းမှ ကိုယ်ထူကိုယ်ထ လျှပ်စစ်ယူထားသောပြည်သူများရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲခ မီတာယူနစ်တွေကို ဖတ်ချင်သလိုဖတ်ပြီး ကောက်ချင်သလိုကောက်ခံနေတယ် လို့ယူဆရပါတယ်။ 

မီးသုံးစွဲမှု တူညီတဲ့ အိမ်ချင်း ကျသင့်ငွေဟာ အတော်လေးကွာခြားနေပါတယ်။ သုံးတာခြင်းတူပေမဲ့ တချို့က ၅၀၀/၁၀၀ကျပ်ပဲ ကျသင့်ပြီး တချို့မှာ ၉၀၀၀၀/၁၀၀၀၀၀ ကျခံနေရပါတယ်။ 

မေလအတွက် ကောက်ခံတဲ့မီတာစာရွက်တွေမှာဆိုရင် ယခင်လ ဖတ်ချက်နဲ့ ယခုလဖတ်ချက်တွေ မပါပဲ သုံးစွဲယူနစ်ပဲထည့်ကာ ကောက်ခံလာပါတယ်။ ကျွန်တော်တို့ လျှပ်စစ်ဓာတ်အား သုံးစွဲသူ ပြည်သူများအနေဖြင့် မိမိတို့ အသုံးပြုသည့် ပမာဏနဲ့ ကိုက်ညီသော ပမာဏကို ပေးရန် အသင့်ရှိပါသည်။ ပေးဆောင်ခဲ့ကြပါသည်။ 

ယခုအခါ စနစ်တကျ မှန်မှန်ကန်ကန် ကောက်ခံခြင်းမျိုးမဟုတ်ဘဲ ဖြည့်ချင်သလို ဖြည့်သွင်းရေးသားထားသည့် ပမာဏကို အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည် ဖြစ်စေ ပေးဆောင်ရမည့် သဘောမျိုး သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးက လုပ်ဆောင်နေသည့်အပေါ် တာဝန်ရှိသူများအနေဖြင့် စိစစ်ကြပ်မက်ပေးစေလိုပါသည်။

လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် ကိုယ်ထူကိုယ်ထ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး ကျသင့်သော မီတာခကို ပေးဆောင်ရန်လည်း ဝန်မလေးပါ။ စနစ်တကျ မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိလူကြီးမင်းများအနေဖြင့် လိုအပ်သလို ကြပ်မက်ဆောင်ရွက်ပေးနိုင်ပါရန် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများကိုယ်စား လေးစားစွာ တင်ပြအပ်ပါသည်။


အခွန်ထမ်းပြည်သူတစ်ဦး

#MyanmarNationalPost 

(မှတ်ချက် - မြန်မာနေရှင်နယ်ပို့စ်အား မီတာစာရွက်များ ပေးပို့၍ ရေးသားပေးပို့လာသည့်အပေါ် တာဝန်ရှိသူများ စိစစ် ကြပ်မက်နိုင်ရန် ဖော်ပြပေးခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)