MNP ၊ ဇွန် ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်ရုံးတွင်ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(ဒါဘာ)ကိုယနေ့ဇွန်လ ၂၃ ရက် နေ့လည် ၁၂ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင်ကျင်းပြုလုပ်ခဲ့ပါသည်။
ရှေးဉီးစွာ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကမိမိတို့ရုံးမှာ မိုခါမုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့ရာ ဝန်ထမ်းများကတက်တက်ကြွကြွပူးပေါင်းပါဝင်ဆောင်ရွက်ကြသောကြောင့်ကျေးဇူးတင်ပါကြောင်း၊ လက်ရှိတွင်ရုံးအဆောက်အဦမရှိသော်လည်းအမိုးလန်ကျန်ရှိခဲ့သည့်ကလေးစာဖတ်ခန်းကို ပြုပြင်၍ယာယီရုံးဖွင့်လှစ်ထားရှိပြီး ပျက်စီးစာအုပ်စာရင်းများကောက်ခံရာတွင်လည်း ဝန်ထမ်းများအနေဖြင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများအနေနှင့်လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရန်ဟောပြောခဲ့ပါသည်။
ဝန်ထမ်းများကပူးပေါင်းပါဝင်ဆောင်ရွက်သွားပါမည်ဟုတင်ပြဆွေးနွေးကြပြီးဝန်ထမ်းများ၏ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဦးစီးမှူးမှပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြောကြားခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment