မီဒီယာလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မြန်မာနှင့် ကမ္ဘာအကြောင်း သိရှိနှံ့စပ်ကျွမ်းကျင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီဒီယာလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မြန်မာနှင့် ကမ္ဘာအကြောင်း သိရှိနှံ့စပ်ကျွမ်းကျင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား


MNP ၊ ဇွန် ၁၀

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)တွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် ဝန်ထမ်းများအား ယမန်နေ့က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအကြောင်းကို ဘက်စုံထောင့်စုံမှ အသေးစိတ်သိရှိပြီး ယုံကြည်ချက်၊ ခံယူချက် လေးနက်စွာ ခံယူမှုရှိရမည်၊ ဗဟုသုတပြည့်စုံကြွယ်ဝပြီး စဉ်ဆက်မပြတ် လေ့လာဆည်းပူးလို စိတ် ရှိရမည်၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်စဉ်များကို နှံ့စပ်စွာ သိရှိနားလည်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

ပြည်သူလူထုသို့ ပြန်ကြားရေးတာဝန်များကို ထမ်းဆောင်နေကြ ရသည့် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ နိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍လည်း မှန်မှန်ကန်ကန် သိရှိထားရန်လို ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၀  ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း၊  ထိုသို့ တပ်မတော်မှ နိုင်ငံတော် တာဝန်ထမ်းဆောင်မှုအပေါ် နိုင်ငံရေးအရသဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ ရေး မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ မဲမသမာမှုများကို ဥပဒေနှင့် အညီ ဖြေရှင်းဆောင်ရွက်ခဲ့မှုမရှိခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လွပ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအကြောင်းကို ဘက်စုံထောင့်စုံမှ အသေးစိတ်သိရှိပြီး ယုံကြည်ချက်၊ ခံယူချက် လေးနက်စွာ ခံယူမှုရှိရမည်၊ ဗဟုသုတပြည့်စုံကြွယ်ဝပြီး စဉ်ဆက်မပြတ် လေ့လာဆည်းပူးလို စိတ် ရှိရမည်၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်စဉ်များကို နှံ့စပ်စွာ သိရှိနားလည်ရမည်ဖြစ်ကြောင်း။

သတင်းများထုတ်လွှင့်ခြင်းနှင့်  အစီအစဉ်များထုတ်လွှင့်ရာတွင် သွက်လက်ဖြတ် လတ်၍ နှစ်လိုဖွယ်ဖြစ်အောင် တည်းဖြတ်ခြင်းများကို စနစ်တကျဖြင့်ဆောင်ရွက်ရန် လိုကြောင်း၊ ထုတ်လွှင့်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရာတွင် တည်းဖြတ်သူ၊ ကြီးကြပ် သူများအနေဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများအတွက် ပညာပေး အစီအစဉ်များထုတ်လွှင့်ရာတွင် ပြည်သူများ အမှန်တကယ်ပညာရရှိနိုင်သည့် ထုတ်လွှင့် မှုများ ဖြစ်ရန်လိုသဖြင့် ဂရုစိုက်ဆောင်ရွက်ရန်လိုကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိဘဝရပ်တည်မှုအတွက် ဆောင်ရွက်နေခြင်း ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်ကြောင်း၊ စိတ်သန့်သန့်ဖြင့် ဆောင်ရွက်မှသာ မိမိကိုယ်ကို ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ မီဒီယာ လုပ်ငန်းများဆောင်ရွက်နေသူများဖြစ်သဖြင့် စည်းလုံးမှုပိုမိုရရှိရန်လိုကြောင်း၊ မိမိတို့ လုပ်ဖော်ကိုင်ဖက်ညီအစ်ကိုမောင်နှမအချင်းချင်း စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြ စေလိုကြောင်း၊ မတူညီသည့် ဒေသများမှ လာရောက်၍တာဝန်ထမ်းဆောင်ကြခြင်းဖြစ် သဖြင့် မိသားစုစိတ်ဓာတ်၊ ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြမည် ဆိုပါက လုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)