မအီမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၃၁၈၆၇)ဧက လျာတားစိုက်ပျိုးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၃၁၈၆၇)ဧက လျာတားစိုက်ပျိုးမည်





MNP ၊    ဇွန်   ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့နယ် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ရာ ယခုနှစ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၃၁၈၆၇)ဧကကို လျာတားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ယခုနှစ် မိုးရာသီရာတွင် မိုးစပါးကို (၃၀၃၅၀)ဧကစိုက်ပျိုးရန် လျာတားထားပြီး မိုးသီးနှံများဖြစ်သည့် နှမ်း၊ ငရုတ်စို၊ ဂျင်း၊ နနွင်း၊ ဟင်းသီးဟင်းရွက်၊ ဖူးစားပြောင်း၊ ပီလောပီနံ၊ ကြံနှင့် ဝဥတို့ကို (၁၅၁၇)ဧက၊ စုစုပေါင်း (၃၁၈၆၇)ဧက လျာတားစိုက်ပျိုးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေး လုပ်ငန်း ပိုမိုအောင်မြင်ဖြစ်ထွန်းရေး အဆင့်ဆင့်တာဝန်ခွဲဝေဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံ တောင်သူများနှင့် ပူးပေါင်း၍ ပိုးမွှားရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မျက်ခြည်မပြတ် စနစ်တကျ စောင့်ကြည့်ဆောင်ရွက်ကာ ရာသီဥတု ရေ၊ မြေဒေသနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နည်းပညာ၊ နည်းစနစ်ကောင်းများ ဖြန့်ဝေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ သီးနှံမျိုးစုံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေး မြေဆီလွှာ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရေး၊ မြေဩဇာများ စနစ်တကျသုံးစွဲရေး၊ သဘာဝမြေဩဇာများ စုဆောင်းအသုံးပြုရေး၊ ပေါင်းမြက်ကာကွယ်နှိမ်နှင်းရေး၊ ပိုးသတ်ဆေးနှင့် ဆေးဖျန်းကိရိယာများ စနစ်တကျ ကိုင်တွယ်အသုံးပြုရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး စသည်တို့ကို  ကျေးရွာများအရောက် တောင်သူများနှင့်တွေ့ဆုံပြီး ကွင်းဆင်းပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မအီမြို့၊ စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်စိုးမင်းက ပြောကြားသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)