Pages

Pages

မအီမြို့ပေါ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်





MNP ၊    ဇွန်   ၂၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့နှင့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မအီမြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့်  အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ခြင်ဆေးများမှုတ်ပေးခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သောနေရာများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ တာယာခွံ၊ ပလပ်စတစ်ခွံများရှင်းလင်းရှင်း၊ ရေနှုတ်မြောင်းများနှင့် Box Culvert များအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးများ ခတ်ပေးခြင်း စသည်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။


မအီမြို့ပေါ်ရပ်ကွက်များအနှံ့ ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးများ ခတ်ပေးခြင်း စသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို  တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်သိပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် ခြင်ဆေးဖျန်းခြင်းများကို ယနေ့ နံနက်ပိုင်း ပထမအသုတ်တွင် အမှတ်(၂)ရပ်ကွက်အတွင်းရှိ အိမ်ခြေ(၅၀)ခန့်ကို ခြင်ဆေးများဖျန်းပက်ပေးနိုင်ခဲ့ပြီး ဒုတိယအသုတ်/ တတိယအသုတ်အနေဖြင့် ဆက်လက်ဖျန်းပက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူးဦးလှဝင်းက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment