Pages

Pages

မြစ်ကြီးနားမြို့၊ နန့်စီးအောင် စုပေါင်းစစ်ဆေးရေးဂိတ်တွင် အကြမ်းဖက်သမားများ အသုံးပြုသည့် ဒီတိုနေတာ အချောင်း (၂၀၀၀၀) ကျော် ဖမ်းဆီးရမိ


MNP ၊ ဇွန် ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားဘက်မှာ ခြောက်ဘီးကားဖြင့် သယ်ဆောင်လာသော အကြမ်းဖက်သမားများ အသုံးပြုသည့် လျှပ်စစ်ဒီတိုနေတာ အချောင်း (၂၀၀၀၀) ကျော်ကို ဇွန် ၂၅ ရက်နေ့၊ ညနေပိုင်းအချိန်က နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်နေစဉ်  ဇွန်လ ၂၅ ရက်နေ့၊ ညနေ ၄ နာရီခွဲချိန်ခန့်က မြစ်ကြီးနားဘက်မှ မန္တလေးမြို့ဘက်သို့ ယာဉ်မောင်း မင်းမင်းအေး (၃၀) နှစ်၊ (ဘ) ဦးသက်ဦး၊ ၅/မမတ (နိုင်) ၁၉၅၆၉၃၊ ဗမာ/ဗုဒ္ဓ၊ ကံသာကွက်သစ်၊ မြင်းမူမြို့နေသူတစ်ဦးတည်း မောင်းနှင်လာသော ယာဉ်အမှတ် TG-4283 CANTER အမျိုးအစား (၆) ဘီးယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် အစိမ်းရောင် မိုးကာဖြင့် ဖုံးအုပ်ထားသော အဖြူရောင်ဆာလာအိတ် (၆) အိတ်အတွင်းမှ ဒီတိုနေတာ အချောင်း (၂၀၀၀၀) ခု ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တွင် သယ်ဆောင်လာသည် ဒီတိုနေတာများအား သိမ်းဆည်းပြီး ယာဉ်မောင်း မင်းမင်းအေး တို့အား ညနေပိုင်းအချိန်တွင် မိုးညှင်းမြို့နယ်၊ နယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment