Pages

Pages

ပုဏ္ဏားကျွန်းမြို့၌ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောင်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ






MNP ၊    ဇွန်   ၂၆

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ စာကြည့်တိုက် ဘက်စုံသုံးခန်းမသို့ လာရောက်၍ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ကြရာတွင် တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးစီး၍ တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ကလေးအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများ နှင့်သူနာပြုတို့က မုန်တိုင်းသင့်ပြည်သူများအား ရာသီတုတ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှော့ရောဂါနှင့်အထွေထွေရောဂါ ဝေဒနာရှင်များအား ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများဆောင်ရွက်ပေးပြီး၊ လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ ကုသပေးခဲ့သည်။


    အဆိုပါ ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့်နေရာသို့ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများလာရောက် ကြည့်ရှုအားပေးကြပြီး၊ ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment