Pages

Pages

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေး (၂၀၂၃) ကျင်းပ


MNP ၊ ဇွန် ၂၃

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည် အစည်းအဝေး (၂၀၂၃)ကို ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) နှင့် ဗဟိုဌာနချုပ်နှင့် နေပြည်တော်မှဗဟိုကောင်စီဝင်များ၊ ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) ကအမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကို မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဥပဒေနှင့်ဥပဒေဆိုင်ရာလုပ်ထုံး လုပ်နည်းများအရ ပုံမှန်ကျင်းပခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့အဆင့်ဆင့်၏ နှစ်ပတ်လည်အစည်းအဝေးများနှင့် ရွေးကောက်တင်မြှောက်ပွဲများကို အခက်အခဲများကြားမှ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ဗဟိုကောင်စီဝင်များကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဗဟိုကောင်စီဝင်များအနေဖြင့် တစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ပြန်လည်သုံးသပ်ပြီး ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင် ရွက်နိုင်ရန် ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း၊ စီးပွားရေးအခြေခံကောင်းအောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ  ဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက်၂၀၂၂-၂၀၂၃ ခုနှစ် ကာလအတွက် ဗဟိုအမှုဆောင်အဖွဲ့အစီရင်ခံစာ အနှစ်ချုပ်ကို  ဗဟိုအမှုဆောင်အဖွဲ့အတွင်းရေးမှူးကဖတ်ကြားတင်ပြပြီး လုပ်ငန်းအဖွဲ့များအလိုက် တင်ပြချက်သုံးသပ်ချက်များကို လုပ်ငန်းအဖွဲ့အတွင်းရေးမှူးများက ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဗဟိုအမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရသုံး မှန်းခြေငွေစာရင်းကို ဖတ်ကြားခြင်း၊ အတည်ပြုခြင်းများဆောင်ရွက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များနှင့် ဗဟိုကောင်စီဝင် တပ်မတော် အရာရှိကြီးများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများကို အွန်လိုင်းစနစ်ဖြင့် ဖတ်ကြားတင်ပြရာ ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ ဗဟိုအမှုဆောင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေး ခြင်း၊ တက်ရောက်လာသူများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များတွင် လစ်လပ်တာဝန်နေရာများကို အစားထိုးခန့်အပ်ခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေး အစီရင်ခံစာများကို အတည်ပြုခြင်း၊ မှတ်တမ်းတင် ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း များ ဆောင်ရွက်ခဲ့ကြပြီး သဘာပတိမြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဗဟိုကောင်စီဥက္ကဋ္ဌက နိဂုံး ချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment