MNP ၊ ဇွန် ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း (RS-CS) ဧက (၁၀၀) နှင့် စိုက်ပျိုး နည်းစနစ်များအလိုက် ဧက (၅၀) ဆောင်ရွက်မည့် အကျိုးဆောင် တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြေပုံမြို့သို့ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်စု (၆) အုပ်စုမှ အကျိုးဆောင်တောင်သူ (၄၂) ဦးနှင့် စိုက်ပျိုးရေး ပညာပေးဝန်ထမ်းများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအေးခိုင်မှ မျိုးစပါး ထောက်ပံ့ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးမှ ပဲကောက်ကျေးရွာအုပ်စုတွင် ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူကိုယ်စားလှယ် (၂) ဦးအား ပေါ်ဆန်းရင် မျိုးသန့်မျိုးပွား မျိုးစေ့အဆင့် (RS) မျိုးများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှူးတို့က သက်ဆိုင်ရာကျေးရွာ အုပ်စုအလိုက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ပြီး ဗိုလ်မှူးချုပ် ကျော်ကျော်စိုးမှ နိဂုံးချုပ် အမှာစကား ပြောကြားပြီး ခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်း သိရှိရသည်။
တင်ဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment