ပေါက်ခေါင်းမြို့၌ လူရည်ချွန်အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့၌ လူရည်ချွန်အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ


MNP ၊    ဇွန်   ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အ.ထ.က(ပေါက်ခေါင်း)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဒသမတန်းမှလူရည်ချွန်မကြည်ဖြူခင်၏ "လူရည်ချွန်" အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက အ.ထ.က(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ဦးစွာ အ.ထ.က(ပေါက်ခေါင်း)မှကျောင်းအုပ်ဆရာကြီးဦးညွန့်ဝင်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး လူရည်ချွန်မကြည်ဖြူခင်အား ဂုဏ်ပြုဆုငွေချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်းလူရည်ချွန်မကြည်ဖြူခင်မှ လူရည်ချွန်လေ့လာရေးခရီးစဉ်အတွေ့အကြုံများ၊ လူရည်ချွန်တစ်ယောက်ဖြစ်လာရန် စာပေအပြင်အခြားလေ့လာကြိုးစားအား ထုတ်ခဲ့ပုံများကို အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား အတုယူမှတ်သားဖွယ် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့  အ.ထ.က(ပေါက်ခေါင်း)မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ အခြေခံပညာအထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)