မျှစ်စိုက်ပျိုးထုတ်လုပ်ရေးတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှု မြှင့်တင်နိုင်ရေးကြိုးပမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျှစ်စိုက်ပျိုးထုတ်လုပ်ရေးတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှု မြှင့်တင်နိုင်ရေးကြိုးပမ်း


နေပြည်တော် ဇွန် ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာနက မဲခေါင် - လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော “မျှစ်စိုက်ပျိုး ထုတ်လုပ်ရေး တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှု အပေါ်အခြေခံ၍ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှုမြှင့်တင်ပေးနိုင်ရေးဆိုင်ရာ စီမံကိန်း” ၏ “ဝါးပျိုးပင်ပေးအပ်ပွဲအခမ်းအနား” ကို ယမန်နေ့က အဆိုပါဝန်ကြီးဌာနစုဝေး ဆောင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှူးချုပ် များ၊ပါမောက္ခချုပ်များ၊ ပျဉ်းမနားမြို့နယ်ရှိ မြသာ၊ အောင်ဘိသိတ်၊ ကိုးရွာ၊ သံတောင်ဘိုမ၊ နန်းလွင်ဆန်း၊ မြသီတာ၊ ဆိတ်ဖူးတောင်နှင့် လ္ဘက်တောင်ကျေးရွာ များနှင့် လယ်ဝေးမြို့နယ် ဇလီငှက်ကြီးတောင် ကျေးရွာတို့မှ တောင်သူကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏ ရေမြေရာသီဥတုသဘာဝအခြေခံကောင်းများကို ထိထိရောက်ရောက်အသုံးချပြီး သီးနှံအမယ်စုံစိုက်ပျိုး ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးနိုင်ခြင်းမရှိသော မြေများတွင် နှစ်ရှည်အကျိုးအမြတ်ခံစားရနိုင်သည့် ဝါးစိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ယခုမိုးတွင်းကာလသည် ဝါးစိုက်ပျိုးရန် သင့်တော်သည့် ရာသီဥတုနှင့် အချိန်ကျရောက်ပြီ ဖြစ်၍ ဝါးပျိုးပင်များပေးအပ်မည်ဖြစ်ရာ ဝါးစိုက်ပျိုး မည့်တောင်သူများအနေဖြင့် ဝါးပျိုးပင်များကို ကောင်းစွာစိုက်ပျိုးစောင့်ရှောက်ပြီး ဖြစ်ထွန်းသော ဝါးတောများအဖြစ် ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြရန်တိုက်တွန်းပါကြောင်း၊မိမိတို့ စိုက်ပျိုးထားသော ဝါးစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလာမှုကိုအခြားတောင်သူများထံသို့ လက်ဆင့်ကမ်း မျှဝေပေးစေလိုကြောင်း ပြောကြား သည်။

ဆက်လက်၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က ဝါးပျိုးပင်ပေးအပ်ပွဲ အခမ်းအနားကျင်းပ ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက ဝါးစိုက်ပျိုးလိုသည့် ကျေးရွာများမှ တောင်သူကိုယ်စားလှယ်များထံသို့ တစ်ဧကလျှင် ဝါးပျိုးပင် ၂၁၀ နှုန်းဖြင့် စိုက်ပျိုးဧရိယာ ၅၆ ဒသမ ၅ ဧကအတွက် ဝါးပျိုးပင် စုစုပေါင်း ၁၁၈၆၅ ပင်ကို ပေးအပ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထား သော စီမံကိန်းဆိုင်ရာလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံ များ၊ မျှစ်နှင့်ဝါးလက်မှုထုတ်ကုန်များ၊ ဝါးစိုက်ခင်း ထူထောင်ခြင်းနှင့်ဝါးရုံများ ရေရှည်စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ်များနှင့် လက်ကမ်းစာစောင်များကို ကြည့်ရှုအားပေးကြသည်။  

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)