ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၌ မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်သည့် အခမ်းအနားသို့တက်ရောက်၊ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး၊ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် သီးနှံမျိုးစေ့များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၌ မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်သည့် အခမ်းအနားသို့တက်ရောက်၊ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး၊ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် သီးနှံမျိုးစေ့များပေးအပ်







MNP ၊    ဇွန်   ၃၀

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ထောင်ပိုင်ကွင်း ဧရိယာတွင် ကျင်းပပြုလုပ် သည့် မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်သည့်အခမ်းအနားသို့တက်ရောက် ကြည့်ရှုပြီး အရာရှိရပ်ကွက်၊ စန္ဒာလင်္ကာရ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောက်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးကာ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသခံပြည်သူများအတွက် အဆောက်အဦများပြင်ဆင်ရန် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် သီးနှံ မျိုးစေ့များ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်၍ ထောက်ပံ့ရေးပစ္စည်းများအား ပေးအပ်သည်။ 


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ထောင်ပိုင်ကွင်းဧရိယာတွင် မိုးစပါး(၁)ဧကအထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်များကို သုံးစွဲရေးနှင့် စနစ်တကျပျိုးထောင်လျက် ပျိုးသက်မှန်စိုက်ပျိုးရန် ဘောင်ဖြင့်ပျိုးထောင်ဆောင်ရွက်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့တက်ရောက်ကြည့်ရှုရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မျိုးကောင်း၊ မျိုးသန့်သုံးစွဲခြင်းအကျိုးကျေးဇူးများနှင့် ဘောင်ဖြင့်ပျိုးထောင်၍ ရရှိလာသောအကျိုးကျေးဇူးများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် အရာရှိရပ်ကွက်ရှိ စန္ဒာလင်္ကာရဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး အဆိုပါ ကျောင်းတိုက်အတွင်း သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့အမှတ်(၆) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအားကြည့်ရှု၍ ဆေးကုသမှုခံယူနေသူများကို ဆီ၊ရေသန့်၊ ခေါက်ဆွဲခြောက်ထုပ် များနှင့်အတူ တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံကို လှူဒါန်း ပေးအပ်ကာ အားပေးစကားများ ပြောကြားခဲ့သည်။ 


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် အစိုးရရပ်ကွက်ရှိ ရမ္မာဝတီ ခန်းမ၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသခံပြည်သူများအတွက် အဆောက်အဦများ ပြင်ဆင်ရန် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်၍ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး ပြန်လည်ထုတ်ပေးမှုအား ဒေသခံပြည်သူများထံသို့ စနစ်တကျ ကြပ်မတ်ထုတ်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရှိရသည်။ 


တင်ထွန်းဦး/ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)