Pages

Pages

ကြံခင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး


MNP ၊    ဇွန်   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန် များကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့်  ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်၊ ဈေးတာဝန်ခံရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တို့ပူးပေါင်း၍ သတ်မှတ်ဈေးနှုန်းထက် (၁၀၀၀)ကျပ်လျှော့၍ ဝက်သားတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် (၂၀၀)ကျပ်ဈေးနှုန်းများဖြင့်   တစ်အိမ်ထောင်စုလျှင် ဝက်သားအစိတ်သား (၃၀၀၀)ကျပ်နှင့် ကြက်ဥ(၅)လုံး (၁၀၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ရာ  ဝက်သား(၁၀) ပိဿာနှင့် ကြက်ဥအလုံး(၅၀၀)လုံး ရောင်းချပေးခဲ့ကြောင်းနှင့် အခြေခံစားသောက်ကုန်များအား  သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို(အပတ်စဉ်) ဗုဒ္ဓဟူးနေ့တိုင်းရောင်းချပေးသွားမည်ဖြစ် ကြောင်း  သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment