Pages

Pages

တင်ဘာရ်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုပြုလုပ်ခဲ့တဲ့ အာဆင်နယ်



MNP - ဇွန်  ၂၆


အာဆင်နယ်အသင်းဟာ အေဂျက်စ်အသင်းရဲ့ ဗဟိုခံစစ်နှင့် ညာနောက်ခံကစားသမား ဂျူလီယန် တင်ဘာရ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး ယနေ့မနက်အစောပိုင်းက ပြောင်းရွှေ့ကြေး ယူရို ၃၈သန်းနှင့် ၄၅သန်းကြားဖြင့် ဒုတိယအကြိမ် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသက် ၂၂နှစ်အရွယ် နယ်သာလန်သားအတွက် အေဂျက်စ်အသင်းနှင့် အာဆင်နယ်အသင်းတို့ရဲ့ ဆွေးနွေးမှုတွေဟာ အပေါင်းလက္ခဏာဆောင်နေပြီး အေဂျက်စ်အသင်းဟာ ယူရိုသန်း ၆၀သန်းအထိလိုချင်နေပေမယ့် ကစားသမားဖြစ်သူ ကိုယ်တိုင်လည်း အာဆင်နယ်အသင်းကိုသာ ပြောင်းရွှေ့လိုကြောင်း ဖိအားနေတာကြောင့် အဆိုပါ ကမ်းလှမ်းမှုကို လက်ခံသွားနိုင်ချေများသည်။


အာဆင်နယ်အသင်းနှင့် တင်ဘာရ်တို့ဟာ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိပြီးဖြစ်ပြီး တင်ဘာရ်ဟာ အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁သိန်းဝန်းကျင်ဖြင့် ၂၀၂၈ခုနစ် ဇွန်လအထိ ၅နှစ်စာချုပ်ဆိုမည်ဖြစ်သည်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment