တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်


MNP ၊    ဇွန်   ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်းကျင်းပသော နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ"ကို ယမန်နေ့မွန်းလွဲ ( ၁:၀၀) အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် တောင်ဥက္ကလာပမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက "လူငယ်နှင့်စာပေ" အသိပညာပေးခေါင်းစဉ်ဖြင့် စာပေနှင့်လူငယ်များ ရင်းနှီးမှုရရှိစေရေး၊ စာပေ၏ကောင်းကျိုးများကို သိရှိစေရေး၊ လူငယ်များ အတွက် စိတ်ဓာတ်၊ စည်းကမ်းပညာကောင်းမွန်ရေး၊ ပညာတတ်လူတော်လူကောင်းများ ပေါ်ထွန်းလာရေး၊ စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်များ အသိပညာဗဟုသုတရရှိစေရန်အတွက် ဟောပြောခဲ့​ပါသည်။


ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်လေးဇာဇာလှိုင်းမြင့်က လူငယ်များ အားကစားပြုလုပ်ခြင်းအလေ့အထရှိသင့်ကြောင်း၊ ကျန်းမာရေးအတွက် အားကစားပြုလုပ်သင့်ကြောင်း၊ အားကစားပြုလုပ်ခြင်းဟာ ကိုယ့်ရဲ့မြို့နယ်၊ နိုင်ငံ့ဂုဏ်ကို ဖော်ဆောင်နိုင်မည့် အားကစားသမားများ ဖြစ်လာမည်ဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။


အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိနှင့် ၀န်ထမ်းများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ အမှတ်(၁)​အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၀၀)ဉီးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ် စာစောင်များနှင့်စာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သတင်း ရရှိသည်။


ခင်ဆွေနှင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)