Pages

Pages

တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ



MNP ၊    ဇွန်   ၂၉

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိ‌စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်‌၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌‌‌ကြောင်း သိရသည်။


ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အမှာစကားပြောကြားရာတွင် ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် ယနေ့ခေတ် ကျောင်းသားလူငယ်များ ကာယဗလ၊ဉာဏဗလ၊စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်ပြည့်ဝစေ ရန်ဖြစ်ကြောင်း၊ လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်နှင့် အခြားသူများကိုလည်း ဗဟုသုတများ မျှဝေရန်ဖြစ်ကြောင်း၊ စင်‌ပေါ်ကနေ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်ဖြစ်ကြောင်း၊ လူငယ်များအချင်းချင်း အသိပညာများ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနဲ့တစ်ဦး ယဥ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းနှင့် တွဲဖက်ဦးဆောင်ဆွေးနွေးသူ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဆရာမဒေါ်‌ယမင်းစိုးတို့က ဦးဆောင်ဆွေးနွေးကာ အထက်တန်းအဆင့် G-12 ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊  လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး အစရှိသည့် ခေါင်းစဥ်အောက်မှ အကြောင်းအရာများကို  ဆွေးနွေးခဲ့ကြသည်။ ဒုတိယပိုင်းအနေနှင့် အဆိုပါ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့မှ ၎င်းတို့ဆွေးနွေးခဲ့သည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖြည့်စွက် ဆွေးနွေးခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒေစီက ကျေးဇူးတင်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗဟုသုတများကို ရှာဖွေစုဆောင်းသင့်ကြောင်း၊ မိမိတို့သိမှတ်ထားသမျှ အသိပညာဗဟုသုတများကို အခြားသူများကိုလည်း ပြန်လည်မျှဝေသင့်ကြောင်း၊ သို့မှသာနိုင်ငံတော်ကို အကျိုးပြုနိုင်မည့် လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်များကို တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများမှ ကြည့်ရှူခဲ့ကြ‌ကြောင်း သိရသည်။


အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့  သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှဝန်ထမ်းများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူ(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ခင်ဆွေနှင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment