တောင်ဥက္ကလာပမြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ


MNP ၊    ဇွန်   ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် ကလေးအလုပ်သမားဆိုင်ရာ အလုပ်လုပ်သော ကလေးများအား ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က တောင်ဥက္ကလာပ မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်ရှိ Korace အထည်ချုပ်စက်ရုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် သင်္ဃန်းကျွန်းခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မမလေးက ကလေးအလုပ်သမားဆိုင်ရာ သိသင့်သိထိုက်သော အချက်အလက်များ၊ အလုပ်သမားဥပဒေရေးရာ အချက်အလက် များနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာများ၊ သိသင့်သိထိုက်သည်များအား ရှင်းလင်းပြောကြားခြင်း၊ အလုပ်သမား များ လုပ်ငန်းခွင်အတွင်း နစ်နာမှုမရှိစေရေးနှင့် ဥပဒေများအရ ကာကွယ်ပေးထားမှုများနှင့် အလုပ်သမားဆိုင်ရာ ရပိုင်ခွင့်များအား တက်ရောက်လာသော စက်ရုံ ဝန်ထမ်းအလုပ်သမားများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


အသိပညာပေးဆွေးနွေးပွဲသို့ Korace အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ စက်ရုံအလုပ်သမားများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိပညာပေး ပိုစတာများလည်း ပြသဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)