Pages

Pages

ပုဏ္ဏားကျွန်းမြို့၌ တပ်မတော်မှ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်






MNP ၊    ဇွန်   ၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အဝင်လမ်းမနှင့်အောင်မင်္ဂလာသောက်ရေကန်အနီး ပတ်ဝန်းကျင်များ၌ ယနေ့၊ နံနက်(၇)နာရီက တပ်မတော်မှ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ဗိုလ်မှူးချုပ် ဝင်းမောင် နှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။


 ထိုသို့ဆောင်ရွက်ကြရာတွင် တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညွန့်ဝင်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်သန်းထွန်းနှင့်တပ်ဖွဲ့ ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ရေစီးရေလာကောင်းမွန်စေရေး အတွက် စက်ယန္တရားတို့ဖြင့်  ရေမြောင်းများ တူးဖော်ပေးခြင်း၊ လမ်းမပေါ်ကျရောက်နေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ သောက်သုံးရေကန် အနီးပတ်ဝန်းကျင်ရှိ ခြုံနွယ်မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခဲ့ကြပြီး၊ တပ်မတော်မှ မော်တော်ယာဉ်နှင့်စည်ပင် သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာသို့ စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။


  ထိုသို့သန့်ရှင်းရေးဆောင်ရွက်သည့်နေရာသို့ မြို့နယ်ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးပြီး၊ မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment