မောက်မယ်မြို့နယ်အတွင်း လမ်းနယ်နမိတ်များအပေါ် ကျူးကျော်နေမှုများ ကွင်းဆင်းတိုင်းတာဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်အတွင်း လမ်းနယ်နမိတ်များအပေါ် ကျူးကျော်နေမှုများ ကွင်းဆင်းတိုင်းတာဆောင်ရွက်





MNP ၊    ဇွန်   ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျောက် လမ်းနယ်နမိတ်များပေါ်တွင် ကျူးကျော်မှု၊ မြို့မြေ၊ ရွာမြေ၊ စီမံကိန်းမြေနှင့် မြို့များ တိုးချဲ့မှုအခြေအနေများနှင့်ပတ်သက်၍ လမ်းနယ်နမိတ်များအပေါ် ကျူးကျော်နေမှုများစာရင်း ကောက်ယူရေး ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းမှစ၍ကွင်းဆင်းတိုင်းတာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် လမ်းနယ်နမိတ်များအပေါ် ကျူးကျော်နေမှုများစာရင်းကောက်ယူရေး ပူးပေါင်းအဖွဲ့ခေါင်းဆောင် မြို့နယ်လမ်းဦးစီးဌာန၏ အစီအစဉ်ဖြင့်ဆောင်ရွက်ခဲ့ပြီး အဆိုပါမြို့ တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျောက် တိုင်းတာနေစဉ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က လိုက်ပါကြီးကြပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း  မြို့နယ်လမ်းဦး စီးဌာနထံမှသိရသည်။


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)