Pages

Pages

ရသေ့တောင်မြို့၌မိသားစုစည်းရုံးရေး နှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ပွဲကျင်းပ






MNP ၊    ဇွန်   ၃၀

   ရခိုင်ပြည်နယ်၊ရသေ့တောင်မြို၌မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့်၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ ကျောင်းနေ သား၊ သမီးများအားပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပသည်။


   အခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ကြပြီး ရှေးဦးစွာ မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဌ ဦးနိုင်လင်းထက်က အဖွင့်အမှာစကားပြောကြားရာ မိုခါမုန်တိုင်း ဒဏ်ကြောင့် အခက်အခဲများရှိခဲ့သော်လည်း သားသမီးများ၏ပညာရေး

များနှောင့်နှေးမသွားရအောင် ကြိုးပမ်းရန်လိုအပ်ကြောင်းပညာသည် ဘဝနှင့်ဆိုင်သည့်အသိပညာအတတ်ပညာများဖြစ်ပြီး ဝန်ထမ်းများအနေနှင့်လည်းမိမိတို့ရင်သွေးငယ်များကိုပညာအမွေသာပေးနိုင်သည့်အတွက်သားသမီးများကလည်း ကြိုးစားအားထုတ်ရန်လိုအပ်ပါကြောင်း နောင်တစ်ချိန်တွင် တိုင်းပြည်ကိုဦးဆောင်ကြရမည့်သူများဖြစ်သည့်အတွကကြိုးစားရမည်ဖြစ်ကြောင်း၊ ပညာသည်သာလျှင် စစ်မှန်သည့်တန်ဖိုးဖြစ်သည့်အတွက် ကျောင်းသူကျောင်းသားများအနေဖြင့် ထူးချွန်ထက်မြက်သည့် ပညာတတ်များဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်းပြောကြားသည်။


   ဆက်လက်၍ မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဌ ဦးနိုင်လင်းထက်က ဝန်ထမ်းများ၏ သား၊ သမီးများ အတွက် ၂၀၂၃-၂၀၂၄ ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာတို့ကိုပေးအပ်ချီးမြှင့်ရာကျောင်းသူကျောင်း

သားများက လက်ခံရယူကြသည်။


   ထို့နောက်  ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ၁ ဦးနှင့်ရိုးရိုးပေါင်မြင်ခဲ့သည့်ကျောင်းသား ၃ ဦးတို့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်

သည်။


   ယနေ့ကျင်းပသည့် အခမ်းအနားတွင်ပညာသင်ထောက်ပံ့ကြေးပေးအပ်မှုမှာ မူလတန်း ၃၅ ဦး၊ အလယ်တန်း ၁၂ ဦး၊ အထက်တန်း ၁၀ ဦးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၄ ဦး၊စုစုပေါင်း ကျောင်းသား ကျောင်းသူ ၆၂ ဦးရှိကာ မူလတန်း(KG)ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ငွေကျပ် ၁၅၇၅၀ ကျပ်(G-1)ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ၁၆၃၅၀ ကျပ်၊(G-2)ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ၂၁၅၅၀ ကျပ်၊(G-3 /4 /5)ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ၂၁၂၅၀ ကျပ်၊ အလယ်တန်းတစ်ဦးလျှင်၂၆၁၀၀ကျပ်နှင့်အထက်တန်းတစ်ဦးလျှင်ငွေကျပ် ၂၃၀၀၀ ကျပ်နှုန်းတန်ဖိုးရှိ ကျောင်းဝတ်စုံ၊ကျောင်းသုံးဗလာစာအုပ်၊စာရေးကိရိယာများပါဝင်ကာ စုစုပေါင်းထောက်ပံ့မှု တန်ဖိုးငွေကျပ် ၁၃၁၂၂၅၀ ဖြစ်သည်။ 


၂၀၂၂-၂၀၂၃ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရိုးရိုးအောင်မြင်သူ ၃ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁  ဦးရှိခဲ့ပြီး ၊ရိုးရိုးအောင်မြင်သူ တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှုန်း၊ ၃ ဘာသာဂုဏ်ထူးရှင်အားငွေကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် ချီးမြှင့်ခဲ့ရာ  စုစုပေါင်း ထောက်ပံ့ချီးမြှင့် ငွေကျပ် ၁၅၁၂၂၅၀ ဖြစ်ကြောင်းသိရှိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment