ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းက ရသေ့တောင်မြို့နယ်ကျေးရွာအုပ်စုများ ရှိ မိုခါ မုန်တိုင်းဒဏ်သင့်ပြည်သူများအားကယ်ဆယ်ရေးရိက္ခာဆန်များထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းက ရသေ့တောင်မြို့နယ်ကျေးရွာအုပ်စုများ ရှိ မိုခါ မုန်တိုင်းဒဏ်သင့်ပြည်သူများအားကယ်ဆယ်ရေးရိက္ခာဆန်များထောက်ပံ့ပေးအပ်





MNP ၊    ဇွန်   ၂၉

ရခိုင်ပြည်နယ် ၊ရသေ့တောင်မြို့ရှိ မိုခါ မုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စုနေပြည်သူများအတွက် ကယ်ဆယ်ရေးရိက္ခာဆန်များထောက်ပံ့ ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ရသေ့တောင်သင်္ဘောဆိပ်၌ ပြုလုပ်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်ဌာနဆိုင်ရာများတက်ရောက်ပေးခဲ့သည်။


ထို့နောက် ဗိုလ်ချုပ်အောင်မျိုးထွန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက် နှင့် တာဝန်ရှိသူများက မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ကျောက်တန်းနယ်မြေမှလေဘေးသင့်ပြည်သူ ၁၉၁၈၁ ဦးအတွက် ရိက္ခာဆန်များကို ပေးအပ်ရာ မုန်တိုင်းဒဏ်သင့်ပြည်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးမှက လက်ခံရယူခဲ့သည်။


 ဆက်လက်ပြီးဗိုလ်ချုပ်အောင်မျိုးထွန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက် နှင့် တာဝန်ရှိသူများကမြို့နယ်ထွေအုပ်ခန်းမ၌ နေ့လည်ပိုင်းအချိန်ကမိုခါမုန်တိုင်းကြောင့် ပျက်စီးဆုရှုံးခဲ့သည့်လောင်းချောင်းတိုက်နယ်အတွင်း လေဘေးသင့်ပြည်သူ ၁၀၄၅၃ ဦးနှင့် စေတီပြင်တိုက်နယ်မှ လေဘေးသင့်ပြည်သူ ၆၃၉၉ ဦးတို့အတွက် ရိက္ခာဆန်များကို ပေးအပ်ရာ မုန်တိုင်းဒဏ်သင့်ပြည်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးများမှက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)