Pages

Pages

ဂွမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ






MNP ၊    ဇွန်   ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂ္မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန ၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ဂွ-သံတွဲ ကားလမ်း၊တောင်တန်းရိပ်စားသောက်ဆိုင်အနီး၊ လမ်းမကြီးဘေး၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က  မြို့နယ်မိခင်နှင့်ကလေးအဖွဲ့ဝင် ဒေါ်ကြင်ယုထံ ပျိုးပင်များလွှဲပြောင်းပေးအပ်ပြီး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်အောင်က မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းထံသို့ လည်း​ကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးခင်မောင်ထွန်းက ရဟိုင်ကူးတို့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား လည်းကောင်း ပျိုးပင်များလွှဲပြောင်းပေးအပ်ပြီးနောက် စုပေါင်း သစ်ပင် စိုက်ပျိုးခဲ့ကြသည်။


စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် ပျဉ်းကတိုး(၃၀၀)ပင် ၊ မဟော်ဂနီ(၁၀၀၀)ပင်၊ ခရေပင်(၄၀၀)ပင်နှင့် ပင်လယ်ကဗွီး(၁၀၀)ပင် စုစုပေါင်း(၁၈၀၀)ပင်တို့ကိုစိုက်ပျိုးနိုင်ခဲ့ ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မှသိရသည်။ 


အခမ်းအနားသို့ မြို့စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေး အသင်းအဖွဲ့များတက်ရောက်ခဲ့ကြကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment