MNP ၊ ဇွန် ၃၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမအပတ် စနေနေ့ တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား (၃၀-၆- ၂၀၂၃)ရက်နေ့ နံနက် (၈:၃၀) နာရီတွင် အမ်းမြို့နယ်သမဝါယမဦးစီးဌာန ရုံးခြံဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား သမဝါယမဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ် "Cooperatives Partners For accelerated Sustainable development" "အရှိန်အဟုန်ဖြင့် ရေရှည်တိုးတက်ရေး သမဝါယမများက ဆောင်ရွက်ပေး " ဆောင်ပုဒ်နှင့်အညီ ဒေသအတွင်း ပတ် ဝန်းကျင် စိမ်းလန်း စိုပြည်လာစေရေး၊ ရာသီဥတု ကောင်းမွန်မျှတလာစေရေး၊ ပြည်သူများမှ သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်တန်ဖိုးထားတတ် လာစေရေး ရည်ရွယ်၍ သက်တမ်းရင့် အမြင့် (၂)ပေ အထက် ပျဉ်းက တိုး(၃၀)ပင်၊ ပိတောက်(၂၀)ပင်၊ မဟော်ဂနီ(၁၀)ပင်၊ ရေတမာ (၁၀)ပင်၊ မန်ဂျန်ရှား(၂၀)ပင်၊ ကံ့ကော်(၁၀) ပင်၊ သင်္ကန်း နက်(၁၁)ပင်၊ စုစု ပေါင်း(၁၀၁)ပင် တို့ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန ဆက်စပ်ဦးစီးဌာနများ စုပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့
ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment