Pages

Pages

အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် (၁၀၁)နှစ်​မြောက် အပြည်အပြည်ဆိုင်ရာရာ သမဝါယမ​နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တော်ကျင်းပ





MNP ၊    ဇွန်   ၃၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ်  ဇူလိုင်လ ပထမအပတ်  စ​နေ​နေ့ တွင် ကျ​ရောက်​သော အပြည်ပြည်ဆိုင်ရာသမဝါယမ​နေ့ကို  ဂုဏ်ပြု ကြိုဆို​သော အားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား (၃၀-၆- ၂၀၂၃)ရက်နေ့ နံနက် (၈:၃၀) နာရီတွင် အမ်းမြို့နယ်သမဝါယမဦးစီးဌာန ရုံးခြံဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား သမဝါယမဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ခုနှစ်  အပြည်ပြည်ဆိုင်ရာသမဝါယမ​နေ့ ​ဆောင်ပုဒ် "Cooperatives Partners For accelerated Sustainable development"  "အရှိန်အဟုန်ဖြင့် ​ရေရှည်တိုးတက်​ရေး သမဝါယမများက ​ဆောင်ရွက်​ပေး " ​ဆောင်ပုဒ်နှင့်အညီ ဒေသအတွင်း ပတ် ဝန်းကျင် စိမ်းလန်း စိုပြည်လာစေရေး၊ ရာသီဥတု ကောင်းမွန်မျှတလာစေရေး၊ ပြည်သူများမှ သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်တန်ဖိုးထားတတ် လာစေရေး ရည်ရွယ်၍ သက်တမ်းရင့် အမြင့် (၂)ပေ အထက် ပျဉ်းက တိုး(၃၀)ပင်၊ ပိတောက်(၂၀)ပင်၊ မဟော်ဂနီ(၁၀)ပင်၊ ရေတမာ (၁၀)ပင်၊ မန်ဂျန်ရှား(၂၀)ပင်၊   ကံ့ကော်(၁၀) ပင်၊ သင်္ကန်း နက်(၁၁)ပင်၊ စုစု ပေါင်း(၁၀၁)ပင် တို့ကို  သမဝါယမနှင့် ​ကျေးလက်ဖွံ့ဖြိုး​ရေးဝန်ကြီးဌာန လက်​အောက်ရှိ ဦးစီးဌာန  ဆက်စပ်ဦးစီးဌာနများ စု​ပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပွဲ​တော်  ကျင်းပခဲ့

ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment