ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သည့် ငါးသေတ္တာနှင့် ခြောက်ဆွဲခြောက်များအား အမ်းမြို့နယ်အတွင်းရှိ (မိုခါ)မုန်တိုင်း လေဘေးသင့်ပြည်သူများထံထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သည့် ငါးသေတ္တာနှင့် ခြောက်ဆွဲခြောက်များအား အမ်းမြို့နယ်အတွင်းရှိ (မိုခါ)မုန်တိုင်း လေဘေးသင့်ပြည်သူများထံထောက်ပံ့ပေးအပ်







MNP ၊    ဇွန်   ၁၉

 ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သည့် ငါးသေတ္တာနှင့် ခြောက်ဆွဲခြောက်များအား ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များက (မိုခါ)မုန်တိုင်း လေဘေးသင့်ပြည်သူများထံသို့ ယနေ့ နေ့ လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။


 အမ်းမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု(၂၂)အုပ်စုတို့မှ အိမ်  ထောင်စု(၂၇၉)စု၊ လူဦးရေ (၁၁၉၃) ဦးအတွက် မိုခါမုန်တိုင်းကြောင့် လေဘေး​သင့်ပြည်သူ များအတွက် လူဦးရေ ၁ ဦးမှ ၃ဦးထိရှိ အိမ်ထောင်စုတစ်စုလျှင် ငါးသေတ္တာ ၁ ဘူးနှင့် ခြောက်ဆွဲခြောက် ၁၀ ထုတ်၊ လူဦးရေ ၄ ဦးမှ ၅ ဦးထိရှိ အိမ်ထောင်စုတစ်စုလျှင် ငါးသေတ္တာ ၂ ဘူးနှင့် ခြောက်ဆွဲခြောက် ၁၂ ထုတ်၊ လူဦးရေ ၆ ဦးမှ ၈ ဦးထိရှိ အိမ်ထောင်စုတစ်စုလျှင် ငါးသေတ္တာ ၂ ဘူးနှင့် ခြောက်ဆွဲခြောက် ၁၄ ထုတ်၊လူဦးရေ ၉ ဦးထိရှိ အိမ်ထောင်စုတစ်စုလျှင် ငါးသေတ္တာ ၄ ဘူးနှင့် ခြောက်ဆွဲခြောက် ၁၆ ထုတ် စုစုပေါင်းငါးသေတ္တာ ၅၀၀ ဗူးနှင့် ခြောက်ဆွဲခြောက် ၃၃၀၀ ထုတ်အားခရိုင်/မြို့နယ်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မ တီမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ရာ လေဘေးသင့် ပြည်သူများက လက်ခံရယူခဲ့ကြသည်။ 


  အဆိုပါထောက်ပံ့ပေးအပ်ပွဲ့သို့ခရိုင်/မြို့နယ်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ​‌လေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)