MNP ၊ ဇွန် ၂၃
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့၌(၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကုတ်မြို့နယ် အစိုးရအမှုထမ်းများသမဝါယမအသင်းမှ အသင်းသား များသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေအပေါ်အတိုးများပေးအပ်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီ အချိန်က အစိုးရအမှုထမ်းများသမဝါယမအသင်းရုံး၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန မှ ဦးစီးအရာရှိ ဦးတင်မောင်ရီ နှင့် အစိုးရအမှုထမ်းများ ငွေစုငွေချေးသမဝါယမအသင်း ဥက္ကဌ ဦးစံရွှေသာ တို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသင်းသားများ ၏စုဆောင်းငွေများအပေါ် အတိုးများပေးအပ်ရသည့်အကြောင်းများကိုရှင်းလင်း ပြောကြားပြီးနောက် ဦးစီးအရာရှိ ဦးတင်မောင်ရီ ၊ အသင်း ဥက္ကဌ ဦးစံရွှေသာ နှင့်ဒါရိုက်တာအဖွဲ့ဝင်များက အသင်းသား ၂၇၁၀ ဦးတို့၏ စုဆောင်းငွေမှရရှိသည့်အတိုးများကိုပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန မှသိရ သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ရီနှင့်ဝန်ထမ်းများ ၊ အစိုးရအမှုထမ်းများငွေစုငွေချေးသမဝါယမအသင်း ဥက္ကဌ ဦးစံရွှေသာနှင့်ဒါရိုက်တာအဖွဲ့ဝင်များ ၊ အသင်းသား များတက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment