မင်းတို့ အလှည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတို့ အလှည့်


မဲမသာမှုတွေအပါအဝင် အဂတိလိုက်စားမှုများကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ ဒေါ်စုမွေးနေ့ နီးလာတဲ့အချိန်မှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ လှိုင်လှိုင် သုံးနေတဲ့ စကားက "ငါတို့အလှည့်" ဆိုတဲ့ စကား ဖြစ်ပါတယ်။ ဒေါ်စုမွေးနေ့ အကြောင်းပြုပြီး အကြမ်းဖက်လှုပ်ရှားနေတဲ့ PDF အကြမ်းဖက်သမားများထံ ငွေကြေးလှူဒါန်းတာတွေလည်း မြင်တွေ့ရပါတယ်။

"ငါတို့အလှည့်" ဆိုတဲ့ ဝေါဟာရရဲ့ နောက်ဆက်တွဲ "ငါတို့အလှည့် လာပြီ" ၊ "ငါတို့အလှည့် ကျန်သေးတယ်" ဆိုတာမျိုးတွေကို photoshop ဒီဇိုင်းမျိုးဇုံနဲ့ ပြည်သူလူထုကြားကို ဖြန့်ဝေလာတာ တွေ့ရပါတယ်။

ဒီစကား က ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများရဲ့ ပဲ့ကိုင်ရှင်ကြီး မင်းကိုနိုင်(ခ) ခေါကြီး ဆီက လာတဲ့ စကားပါ။ ခေါကြီး နဲ့ ပြည်ဖျက်မီဒီယာ တစ်ခုကနေ စတင်လှုံ့ဆော်ပေးခဲ့ပြီးနောက်ပိုင်းမှာ "ငါတို့အလှည့်" ကမ်ပိန်း ခေါင်းစဉ်တစ်ခု ရသွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေအနေနဲ့ စဉ်ဆက်မပြတ် တိုင်းဖျက်၊ ပြည်ဖျက်၊ သာနာဖျက် လုပ်ကြမှာဖြစ်တဲ့အတွက် ခေါင်းစဉ်မရိုးရအောင် ရှာဖို့လည်း လိုပါတယ်။

သူတို့တွေ တွင်တွင်သုံးနေတဲ့ စကားရပ်နဲ့အညီ ပြောရရင် သူတို့ ပြည်ဖျက်မိစ္ဆာအုပ်စုကပဲ တပ်မတော်က တိုင်းပြည်တာဝန်များကို ဆောင်ရွက်နေတဲ့ ၂နှစ်ကျော်ကြာကာလ အပြစ်မဲ့ သံဃာတော်၊ ဆရာ/ဆရာမ၊ အတိုက်အခံ အင်အားစုတွေ အားလုံးကို စိတ်ထင်တိုင်း သတ်နေကြတာ ဖြစ်ပါတယ်။ 

အစောပိုင်း ကာလမှာတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအပိုင်းမှာက မင်းတို့ဘက် ခပ်ပါပါ အကြမ်းဖက်အားပေး (ဖရဲသီး)တွေကလည်း ရှိနေတဲ့အခါကြတော့ မင်းတို့ပဲ စိတ်ထင်တိုင်း သတ်ချင်တဲ့ ပစ်မှတ်မှန်သမျှ အလွယ်တကူ သတ်ခွင့်ရခဲ့ပါတယ်။ အခု တဖြည်းဖြည်းနဲ့တော့ လုံခြုံရေး၊ အုပ်ချုပ်ရေးအပိုင်းကလည်း မင်းတို့ရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေ များလွန်းမကများလာတော့ နားလည်လာကြပြီ။ အကြမ်းဖက်နှိမ်နင်းရေး အလေးထားလုပ်ဆောင်လာကြပြီ။ တာဝန်သိ ပြည်သူတွေကလည်း တစ်ထောင့်တစ်နေရာကနေ ပြည်ပြေး ဝရမ်ပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်ပါးစေ အကြမ်းဖက်သမားများ ဖော်ထုတ်ဖမ်းဆီးရေးမှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေးတွေအနေနဲ့ကတော့ လွတ်မြောက်နယ်မြေမှာ ဖြစ်တဲ့အတွက် ဟန်တစ်လုံး မာန်တစ်လုံးနဲ့ (လေပဲစိုက်ရတာ) ဆိုတော့ လွယ်တာပေါ့ကွာ။ မင်းတို့ရဲ့ ခိုင်းနွား ခွေးဝဲစား အကြမ်းဖက်သမားတွေ မရှုမလှ သေပွဲဝင်နေရတာတွေ၊ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ထဲရောက်သွားတဲ့သူတွေကိုလည်း ကူညီပံ့ပိုးပေးကြဖို့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများကို တိုက်တွန်းပါတယ်ကွာ။ သူတို့ ခမျာမှာ တော်လှန်ရေးအမည်ခံပြီး ဓားပြတိုက်စားနေရတာ ဆိုတော့ တော်လှန်ရေးသမားသိက္ခာ မရှိတော့ဘူး။

စကားနောက် တရားပါ ပြောရရင်တော့ "မင်းတို့အလှည့်"လာတော့မှာ။ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးအပေါ်မှာ ရက်စက်ယုတ်မာခဲ့တဲ့ လုပ်ရပ်တွေအတွက် တန်ပြန်သက်ရောက်မှု ဥပဒေအရ စီရင်လို့ ရတဲ့အမှု ဥပဒေအရ စီရင်လိမ့်မယ်။ တည်ဆဲဥပဒေအရ စီရင်နိုင်ခြင်းမရှိတဲ့ ကိစ္စတွေကို လောကဥပဒေ အရ စီရင်လိမ့်မယ်။

ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေ အကြမ်းဖက်သမားလေးတွေကိုတော့ အသိပေးလိုပါတယ်။ မင်းတို့ကို သွေးထိုးလှုံ့ဆော်နေတဲ့ မင်းတို့ရဲ့ ခေါင်းကိုင်ဖခင် လေပေါသူရဲကောင်းကြီးများ က လွတ်မြောက်နယ်မြေမှာနော်။ မင်းတို့လေးတွေ က ပြည်တွင်းမှာ ရှိတယ်။ သေလမ်းနဲ့ ထောင်ထဲ နှစ်လမ်းပဲ ရှိမယ်။ ကြိုက်ရာရွေးကြပေါ့။ "မင်းတို့အလှည်"ရောက်တော့မှာမို့ သတိပေးတာပါ။ နောက်ဆုံးတစ်ခုကတော့ မင်းတို့ကို ညှာတာစာနာတဲ့ နစကအစိုးရ က ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့ လမ်းဖွင့်ပေးထားတယ်။ တံခါးဖွင့်ပေးထားတယ်။

ဥပဒေဘောင်အတွင်း ဝင်မလား၊ သေလမ်း ရွေးမလား၊ ထောင်ထဲသွားမလား၊ မင်းတို့အလှည့် ကျပြီ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)