ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ မိုခါ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်း ၁ဝ မျိုး ထောက်ပ့ံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ မိုခါ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်း ၁ဝ မျိုး ထောက်ပ့ံပေးအပ်





MNP ၊    ဇွန်   ၁၆

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ မိုခါ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀မျုိး ထောက်ပ့ံပေးအပ်ပွဲကို ယနေ့ နံနက် ပိုင်းတွင် အဆိုပါကျေးရွာ၌ ပြုလုပ်ရာ ဗိုလ်မှူးချုပ် ဆန်နီအုန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး၊ဌာနဆိုင်ရာများ၊မြို့နယ်အမျိုးသမီးရေးရာ၊မိခင်ကလေးအဖွဲ့များ နှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။


ထို့နောက် ဗိုလ်မှူးချုပ် ဆန်နီအုန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး နှင့် တာဝန်ရှိသူများက မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု ၃၁၅ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျုိးကို ပေးအပ်ရာ မုန်တိုင်းဒဏ်သင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး ဗိုလ်မှူးချုပ် နှင့် အဖွဲ့သည်  ပေါက်တောမြို့ ၊ ဘဝမ်းချောင်းဝစုရပ်ကွက်၊အမက မောလိပ် ၊မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးပျက်စီးခဲ့မှုအပေါ် ကုမ္ပဏီမှ ပြန်လည်ပြုပြင်ပြီးစီးသည့် ကျောင်းဆောင်အားယမန်​ေန့ ညနေပိုင်းတွင် ​ေလပွေရိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်ကျောင်းဆောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို ကျောင်းသား ကျောင်းသူများ အမြန်ဆုံးပြန်လည်ကျောင်းတက်နိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)