Pages

Pages

ကျောင်းကုန်းမြို့၌ တိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ


MNP ၊    ဇွန်   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ တိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ရေဂလုတ်အုပ်စု၊ပေါက်ငူကျေးရွာရှိ တောင်သူဦးအောင် နိုင်ထွန်း၏ လယ်မြေဧက(၀.၅၀)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ နေပီယာမြက် သရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးစီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်ကြည်မြင့်နှင့် ဝန်ထမ်းများ၊ နေပီယာမြက်စိုက်ပျိုးသူတောင်သူများ တက်ရောက်ခဲ့ကြသည်။


တိရစ္ဆာန်အစာပင်များ စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များကို မိရိုးဖလာလွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့် မွေးမြူလာနိုင်ပြီး၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ခြင်း၊ အာဟာရပြည့်ဝသော တိရစ္ဆာန်အစာများ‌ ကျွေးမွေးနိုင်၍ ထုတ်လုပ်မှုစွမ်းအား မြင့်မားလာခြင်း၊ တိရစ္ဆာန်အညစ်အကြေးများကို ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။


ဝင်းကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment