တောင်ကုတ်မြို့နယ်၌ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသောပြည်သူများအားထောက်ပံ့ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသောပြည်သူများအားထောက်ပံ့ပေးအပ်ပွဲကျင်းပ







MNP ၊ မေ  ၃၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရ သော ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က တောင်ကုတ်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးဇာနည်တိုး က အမှာစကားပြောကြားပြီးနောက် သံတွဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ သံတွဲခရိုင်ရုံး မှ ဦးစီးအရာရှိ ဒေါ်ညိုညိုအေး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များက Family Kit သေတ္တာများနှင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်(၅၅၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ (၂၂၀၀၀၀၀၀ိ) ၊ လုံးဝပျက်စီးသွားသည့် လူနေအိမ်(၁၅)လုံးအတွက် ထောက်ပံ့ငွေ (၁၅၀၀၀၀ဝိ)၊ အိမ်ထောင်စု (၅၆၅)စုမှ လူဦးရေ(၂၅၀၀)အတွက် ဆန်ရိက္ခာ(၇)ရက်စာအတွက်ထောက်ပံ့ငွေ (၅၂၅၀၀၀ဝိ)၊သစ်ပင်ပိ၍ သေဆုံးသူတစ်ဦးအတွက်ထောက်ပံ့ငွေ(၃၀၀၀၀ဝိ)၊ ဘသာရေးကျောင်း(၁၃) ကျောင်း အတွက် ထောက်ပံ့ငွေ (၁၁၇၀၀၀ဝိ) စုစုပေါင်း(၃၀၂၂၀၀၀ဝိ)ကျပ်ကို မုန်တိုင်းသင့်ပြည်သူများသို့ပေးအပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မုန်တိုင်းသင့်ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)