မိုင်းတုံမြို့ရှိ အ.ထ.က မိုင်းတုံစာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့ရှိ အ.ထ.က မိုင်းတုံစာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲ ကျင်းပ


MNP ၊    ဇွန်   ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲကို ယမန်​​နေ့နံနက် (၁၁:၀၀)နာရီအချိန်က အ.ထ.က မိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင်ခန်းမ၌ ကျင်းပခဲ့ရာ ဟောပြောပွဲသို့ ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ/ဆရာမများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုစုပေါင်း(၁၅၃)ဦး တက်ရောက်ကြောင်း သိရသည်။


ပထမဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဇော်ဟိန်းက ရေဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း၊ ဦးအာကာမောင်က ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူများအား ငလျင်လှုပ်ရခြင်းအကြောင်းအရာများ၊ ငလျင်ဘေးနှင့်ကြုံလျှင် မည်သို့ပြုမူနေထိုင်ရမည်များ၊ ဆောင်ရန်ရှောင်ရန်များကို ဗဟုသုတရအောင် ဟောပြောပေးခဲ့ကြောင်း သိရှိရသည်။


မျိုးကျော်စိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)