MNP ၊ ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲကို ယမန်နေ့နံနက် (၁၁:၀၀)နာရီအချိန်က အ.ထ.က မိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင်ခန်းမ၌ ကျင်းပခဲ့ရာ ဟောပြောပွဲသို့ ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ/ဆရာမများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုစုပေါင်း(၁၅၃)ဦး တက်ရောက်ကြောင်း သိရသည်။
ပထမဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဇော်ဟိန်းက ရေဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း၊ ဦးအာကာမောင်က ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူများအား ငလျင်လှုပ်ရခြင်းအကြောင်းအရာများ၊ ငလျင်ဘေးနှင့်ကြုံလျှင် မည်သို့ပြုမူနေထိုင်ရမည်များ၊ ဆောင်ရန်ရှောင်ရန်များကို ဗဟုသုတရအောင် ဟောပြောပေးခဲ့ကြောင်း သိရှိရသည်။
မျိုးကျော်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment