ပုဏ္ဏားကျွန်းမြို့ အထကကျောင်း၌တပ်မတော်မှ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့ အထကကျောင်း၌တပ်မတော်မှ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်







MNP ၊    ဇွန်   ၂၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းခြံဝင်းအတွင်း၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ကျန်နေသည့်သစ်ကိုင်း သစ်ခက်များနှင့်ပြိုလဲပျက်စီးခဲ့သည့် အဆောက်အဦးအပိုင်းအစများအား ယနေ့၊ နံနက်ပိုင်းက တပ်မတော်မှ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ကြရာတွင် တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်းဦးဆောင်သော မြန်မာ့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အခြေခံ ပညာအထက်တန်းကျောင်းခြံဝင်းအတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှု

ကြောင့် ကျိုးပဲ့ကျန်ရှိခဲ့သည့်သစ်ကိုင်း၊ သစ်ရွက်များနှင့်ပြိုလဲပျက်စီးခဲ့သည့် အဆောက် အဦးအပိုင်းအစများအား အင်တိုက် အားတိုက် စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။


ထိုသို့သန့်ရှင်းရေးဆောင်ရွက်သည့်နေရာသို့ မြို့နယ်ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးပြီး၊ ကျောင်းပတ်ဝန်းကျင်များသန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)