အမ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ (ထပ်ဆောင်း)ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ (ထပ်ဆောင်း)ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ






MNP ၊    ဇွန်   ၁၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ ေကျးရွာအုပ်စုများတွင် အ သက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း) ကာကွယ်ဆေးများကို ကျေးလက်ကျန်းမာ ရေးဌာနဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိပါသည်။


     ထိုသို့ထိုးနှံပေးလျက်ရှိရာဇွန်လ(၁၅)ရက် နေ့က ကျေးရွာအုပ်စုများအတွင်းရှိ စုရပ်များ၌  အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်-၁၉(ထပ်ဆောင်း) ကာကွယ်ဆေး  Booster ဆေးထိုးနှံပေးရာ ဒုတိယအကြိမ်၊တတိယအကြိမ်၊စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးနှံသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။


      အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ အပူချိန်တိုင်းပေးခြင်း၊‌သွေးပေါင်ချိန်‌ပေးခြင်းနှင့် ဆေးထိုးပြီးပါကနာရီဝက်ကြာခေတ္တနားစေခြင်းတို့ကို ကျေးလက်ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။


      ဆက်လက်ပြီးစခန်းမော်အုပ်စု၌ ကျေးရွာသူရွာသားများသွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားရေးအတွက်ကျေး

လက်ကျန်းမာရေးဌာနဝန်ထမ်းများအုပ် ချုပ်ရေးမှူးများကခြင်မပေါက်ဖွားနိုင်ရေအတွက်အသိပညာပေးရေစည်များ ၌အဘိတ်ဆေးခတ်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)