ကလိန်အောင်မြို့ အထွေအထွေအုပ်ချုပ်ရေးဦးစီး‌ဌာနမှ ‌‌ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်ပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့ အထွေအထွေအုပ်ချုပ်ရေးဦးစီး‌ဌာနမှ ‌‌ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်ပ






MNP ၊    ဇွန်   ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားကြသည့် အထွေအထွေအုပ်ချုပ်ရေးဦးစီး‌ဌာနမှ ‌‌ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့  ညနေ ၃ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


‌အဆိုပါ ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲတွင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှားစကားပြောကြားသည်။


ပြီးနောက် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် ဒေါ်ခိုင်ခင်ဦးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားကြသည့် မူလတန်းအဆင့်(၄)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ(၁၀၀၀၀)ကျပ်စီ၊ ထီ(၁)စင်၊ ဗလာစာအုပ်(၁)ဒါဇင်၊ အလယ်တန်းအဆင့် (၂)ဦး၊ ထောက်ပံ့ငွေ(၁၅၀၀၀)၊  ထီ(၁)ချောင်း၊ ဗလာစာအုပ်(၁)ဒါဇင်၊ စုစုပေါင်းဝန်ထမ်းသားသမီး (၆)ဦး ကိုထောက်ပံ့အပ်ခဲ့ကြောင်း သိရသည်။


ခင်ခင်လဲ့

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)