MNP ၊ ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားကြသည့် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲတွင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှားစကားပြောကြားသည်။
ပြီးနောက် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် ဒေါ်ခိုင်ခင်ဦးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားကြသည့် မူလတန်းအဆင့်(၄)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ(၁၀၀၀၀)ကျပ်စီ၊ ထီ(၁)စင်၊ ဗလာစာအုပ်(၁)ဒါဇင်၊ အလယ်တန်းအဆင့် (၂)ဦး၊ ထောက်ပံ့ငွေ(၁၅၀၀၀)၊ ထီ(၁)ချောင်း၊ ဗလာစာအုပ်(၁)ဒါဇင်၊ စုစုပေါင်းဝန်ထမ်းသားသမီး (၆)ဦး ကိုထောက်ပံ့အပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment