ပေါင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး




MNP ၊    ဇွန်   ၂၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပေါင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ချေးငွေများထုတ်ချေးပေးမှုနှင့်ပတ်သက်၍ ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာဦးယဥ်ဌေးက ချေးငွေထုတ်ယူသည့် တောင်သူများအားလိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။


 ထို့နောက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများက ထုတ်ချေးပေးလျက်ရှိရာ ယနေ့ ကဒါရပ်ကွက် စပါးစိုက်တောင်သူ ( ၂၄၀ )ဦးအား တစ်ဧကလျှင် (၁၅၀၀၀ဝိ/-) နှုန်းဖြင့် စပါးစိုက်ဧက    ( ၂၁၂၇ ) ဧကအတွက် ( ၃၁၉၀.၅၀) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ပေါင်မြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ချေးငွေထုတ်ယူမည့်ကျေးရွာပေါင်း (၄၇ )ရွာရှိပြီး   တစ်ဧကလျှင် ( ၁၅၀၀၀ဝိ/-)နှုန်းဖြင့်  မိုးစပါးစိုက်ဧက (၆၃၃၃၃)အတွက်   စုစုပေါင်းချေးငွေပမာဏ  သိန်းပေါင်း ကိုးသောင်းငါးထောင် ထုတ်ချေးရန်လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)