ဂွမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်




MNP ၊ မေ  ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။


မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကောင်းစံမြတ် ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အသက်(၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် အသက်တစ်နှစ်ခွဲကလေးငယ်များအား ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး ထိုးဆေး၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး၊ကိုယ်ဝန်ဆောင်မိခင်များအတွက်မေးခိုင်ဆုံဆို့ ကာကွယ် ဆေး၊  ရိုတာ ဗိုင်းရပ်စ် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ် ဆေး၊ ပန်တာကာကွယ်ဆေးများအား ထိုးနှံပေးခြင်းနှင့် အသက်(၂)လ၊ (၄)လနှင့် (၆)လ ကလေးငယ်များအား ပိုလီယို အစက်ချဆေး ပထမကြိမ်၊ ဒုတိယကြိမ်နှင့် တတိယအကြိမ်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)