မြန်မာ-စင်ကာပူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် သံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းမြှင့်တင်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-စင်ကာပူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် သံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းမြှင့်တင်ရေး ဆွေးနွေး



MNP ၊ ဇွန် ၂၂

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် သည် ဂျပန်နိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီးအသစ်ဖြစ်သူ Mr. Ong Eng Chuan အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ နံနက် ၁၀၃၀ နာရီမှ ၁၁၀၅ နာရီအထိ မြန်မာသံရုံး၊ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။ 

ယင်းသို့တွေ့ဆုံရာတွင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် သံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းမြှင့်တင်ရေး၊ အာဆီယံအဖွဲ့အစည်း၏ မူဘောင်အတွင်း အာဆီယံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ-ဂျပန်ဆက်ဆံရေး ပိုမိုတိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)