Pages

Pages

ဥတ္တရသီရိမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ စက်ဖြင့် စပါးအခြောက် မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ






MNP ၊    ဇွန်   ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု တောင်သူ ဦးထွန်းဝေ၏ လယ်မြေကွင်းအမှတ်၁၈၇၈၊ ဦးပိုင်အမှတ် (၁/၁) ရှိ လယ်မြေ (၁၅) ဧကတွင် စက်ဖြင့် စပါးအခြောက်မျိုးစေ့ချ စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၈နာရီက ကျင်းပခဲ့သည်။


အဆိုပါ သရုပ်ပြပွဲတွင် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးနိုင်က စက်ဖြင့် စပါးအခြောက်မျိုးစေ့ချ စိုက်ပျိုးခြင်းဖြင့် တောင်သူများအား ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ လိုက်လျောညီထွေသော စိုက်ပျိုးရေးနည်းစနစ်များကို လိုက်နာဆောင်ရွက်တက်စေရန်၊ သီးနှံစိုက်စွမ်းအား တိုးတတ်မြင့်မားစေပြီး တစ်ဧကပန်းတိုင်အတွက် အထွက်နှုန်းရရှိစေရေး သီးနှံအထွက်နှုန်းကောင်းသော မျိုးများကိုအသုံးပြုခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေသြဇာ အသုံးပြုစိုက်ပျိုးခြင်း၊ ရေရရှိမှုကြိုတင်စီမံ ဆောင်ရွက်ထားရှိခြင်း၊ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ခေတ်မီစိုက်ပျိုးနည်းစနစ်များကိုပါ လိုက်နာကျင့်သုံး ဆောင်ရွက်တက်စေရန် ဆွေးနွေး ပြောကြားခဲ့သည်။


သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဇလောင်း၊ မောင်းရမ်း၊ မင်းကုန်း၊ တောင်ညိုစသည့် ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်မျိုးဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment